back

ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာ ဖလာမင်ဂိုအသင်းထံ အပြီးသတ်ပြောင်းရွှေ့

Jan 31 • 5:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဝက်စ်ဟမ်းကွင်းလယ်လူ ပါကေတာ ဖလာမင်ဂိုအသင်းထံ အပြီးသတ်ပြောင်းရွှေ့

ဝက်စ်ဟမ်းအသင်း၏ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ပါကေတာသည် ၎င်း၏မိခင်ကလပ်ဖြစ်သော ဘရာဇီးလ်ထိပ်သီး ဖလာမင်ဂိုအသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် ၃၅.၅ သန်းဖြင့် အပြီးသတ...

ဝက်စ်ဟမ်းအသင်း၏ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ပါကေတာသည် ၎င်း၏မိခင်ကလပ်ဖြစ်သော ဘရာဇီးလ်ထိပ်သီး ဖလာမင်ဂိုအသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် ၃၅.၅ သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့သွားခဲ့ပြီဖြစ်သည်။ အသက် ၂၈ နှစ်အရွယ်ရှိ ပါကေတာသည် ဖလာမင်ဂိုအသင်းနှင့် ၂၀၃၀ ပြည့်နှစ်အထိ သက်တမ်းရှိသော စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဝက်စ်ဟမ်းအသင်းသည် ၎င်းအား ရာသီကုန်အထိ အငှားဖြင့် ဆက်လက်ထားရှိရန် ကြိုးပမ်းခဲ့သော်လည်း ဖလာမင်ဂိုဘက်က ငြင်းဆန်ခဲ့သည်။ ပါကေတာသည် ၂၀၂၂ ခုနှစ်တွင် လိုင်ယွန်အသင်းမှ ဝက်စ်ဟမ်းသို့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၁၃၉ ပွဲကစားကာ ၂၃ ဂိုး သွင်းယူပေးခဲ့သူဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

14