ရန်ကုန်တိုင်းရှိ စက်မှုဇုန်များ၌ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ လျှပ်စစ်မီးအချိန်ပြည့်ရရှိတော့မည်ဖြစ်ကြောင်း LNG ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်/ဖြန့်ဖြူးမည့်အစီအစဉ်များနှင့်ပတ်သက်သော လုပ်ငန်းညှိနှိုင်းအစည်းအ ဝေးပြုလုပ်ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်အဆိုပါ အစည်းအဝေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းဦးဆောင်၍ ရန်ကုန် တိုင်းအစိုးရအဖွဲ့ရုံးတွင် ဇန်နဝါရီ ၃၀ ရက်ကပြု လုပ်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူး လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းမှ ဓာတ်အားထုတ် လုပ်ရန်ဆောင်ရွက်ခဲ့မှုနှင့် ထုတ်လုပ်နေမှုများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌမှ ဓာတ်အားဖြန့်ပေးမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသလိုလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဥာဏ်ထွန်းမှ စက်မှုဇုံများအား ၂၄ နာရီ မီးပေးသွားမည့်အစီအစဉ်၊ စက်မှုဇုံများ၊ အထူးစီးပွါးရေးဇုံနှင့် စက်မှုဇုံပြင်ပသီးခြားတိုက်ရိုက်လိုင်းဆွဲအသုံးပြုနိုင်သည့်စီးပွါးရေးလုပ်ငန်းများကို နှုန်းထားသစ် တစ်ယူနစ် ကျပ် (၉၀၀) နှုန်းဖြင့် ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ကောက်ခံသွားမည့် အစီအစဉ်တို့အား ရှင်းလင်းပြောကြားသွားသည်ဟုသိရသည်။



