တောင်ငူမြို့ ၊ ၂၂ ရပ်ကွက် ၊ မင်းကြီးညိုရှိ Royal King ( KTV) တွင် ၂၀၂၅ ခုနှစ် ၊ ဇွန်လ ၃ ရက် ၊ ည ၇ နာရီဝန်းကျင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၊ သေဆုံးသူမှာ တောင်ငူမြို့ ၊ ၁၉ ရပ်ကွက်နေ မွေးနီ ( ခ) မင်းမင်းထွေး ဆိုသူဖြစ်ပြီး ၊ ကျူးလွန်သူမှာ တောင်ငူမြို့ ၊ ကင်းဆိပ်ကျေးရွာနေ ညီလေးထွေး ဆိုသူဖြစ်ကြောင်း သိရပါတယ်။အဆိုပါ အမှုအား တောင်ငူ ခရိုင်တရားရုံးမှ တရားခံ ၊ တရားလို နှစ်ဘက် ကြားနာ စစ်ဆေးပြီးနောက် ဇန်နဝါရီ ၂၉ ရက်နေ့က ကျူးလွန်သူအား ထောင်ဒဏ် နှစ် ( ၂၀ )ချမှတ်ခဲ့ကြောင်းသိရပါတယ်။



