ထိုင်းနိုင်ငံရဲ့ နတ်ရွာစံ မယ်တော်ကြီး သီရိခေတ် ရဲ့ ရက် ၁၀၀ ပြည့် အောက်မေ့ဖွယ် တော်ဝင်အခမ်းအနားတွေ ကျင်းပမှာဖြစ်တဲ့အတွက် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွေမှာ Grand Palace နဲ့ Wat Phra Kaew (မြဘုရား) ကို ဝင်ရောက်လေ့လာနိုင်မယ့် အချိန်တွေကို နန်းတွင်းရေးရာဌာန က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ Grand Palace နဲ့ မြဘုရား အတွက် လက်မှတ်တွေကို မနက် ၈ နာရီခွဲကနေ နေ့လယ် ၁၂ နာရီအထိ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လက်မှတ်တွေကို နေ့လယ် ၁ နာရီကနေ ညနေ ၃ နာရီခွဲအထိ ရောင်းချပေးမှာ ဖြစ်ပါသည်။



