တရုတ်စစ်ဘက်ထိပ်တန်းအရာရှိကြီးများသည် တရုတ်သမ္မတရှီကျင့်ဖျင့်ကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း Defence Mirror သတင်းဌာနက ဖော်ပြခဲ့သည်။ တရုတ်သမ္မတရှီကျင့်ဖျင့်သည် ပြီးခဲ့သောရက်ပိုင်းတွင် တရုတ်စစ်တပ်၏ အမြင့်ဆုံးအာဏာပိုင်အဖွဲ့စည်းဖြစ်သော တရုတ် ဗဟိုစစ်ကော်မရှင်၏ ဒုတိယအကြီးအကဲဖြစ်သူကျန်းယိုရှားကို ပြီးခဲ့သောရက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းကာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဆိုပါသတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ ရှီကျင့်ဖျင့်သည် ဗိုလ်ချုပ်ကြီးကျန်းယိုရှားတို့ ပါဝင်သော အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်တာဝန်ရှိသူများ နှင့် အစည်းအဝေးလုပ်ရန် ဟိုတယ်ကိုရောက်ရှိခဲ့သော်လည်း ဟိုတယ်တွင် ဗိုလ်ချုပ်ကြီး ကျန်းယိုရှားကို မတွေ့သည့်အပြင် ကျန်းယိုရှားတို့အစီအစဉ်ကို ကြိုတင်သိရှိသွားခဲ့သည့်အတွက် ချက်ချင်းပြန်သွားခဲ့ကြောင်း သိရသည်။ ရှီကျင့်ဖျင့်သည် ဟိုတယ်မှ ပြန်သွားပြီးနောက် ၎င်းကို ဖမ်းဆီးလုပ်ကြံမည့်သူများကို ချေမှုန်းရန် တိုက်ခိုက်ရေးအဖွဲ့များကို စေလွှတ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်သမ္မတရှီကျင့်ဖျင့်သည် ဗိုလ်ချုပ်ကြီးများ ဖြစ်သော ကျန်းယိုရှားနှင့် လီကျန်းလီတို့အပြင် ၎င်းတို့မိသားစုများပါ ဖမ်းဆီးထိန်းသိမ်း စစ်ဆေးရန် အမိန့်ပေးထားကြောင်း သိရသည်။



