မလေးရှားနိုင်ငံတွင် လာမည့် မတ်လ ၁ ရက်မှစ၍ အစိုးရ ထောက်ပံ့သဖြင့် ဈေးသက်သာသည့် ဟင်းချက်ဆီကို နိုင်ငံခြားသားအား ရောင်းချခြင်း တားမြစ်မည်ဟု မလေးရှားနိုင်ငံ ပြည်တွင်းကုန်သွယ်ရေးနှင့် နေထိုင်မှုကုန်ကျစရိတ်ဝန်ကြီး Datuk Seri Armizan Mohd Ali က ပြောကြားသည်။ ဟင်းချက်ဆီ ဖြန့်ဖြူးရေးကွင်းဆက်တစ်ခုလုံးတွင် ဒေတာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် မှတ်တမ်းတင်ထားသော ဟင်းချက်ဆီ ဈေးနှုန်းတည်ငြိမ်ရေး အစီအစဉ် Cooking Oil Price Stabilisation Scheme (eCOSS) သည် အစိုးရအနေဖြင့် နိုင်ငံသားမဟုတ်သူများထံ အစိုးရ ထောက်ပံ့ပေးထားသော ဟင်းချက်ဆီ ရောင်းချခြင်းကို တားမြစ်ခြင်းအား ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေကြောင်း ၎င်းက ပြောကြားသည်။



