back

ထိုင်းရောက် ရွေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိလည်း ကျောင်းတက်ခွင့်ရမည်

Jan 30 • 2:50 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းရောက် ရွေ့ပြောင်းကလေးငယ်များ အထောက်အထားမရှိလည်း ကျောင်းတက်ခွင့်ရမည်

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေအတွက်၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းအစိုးရရဲ့ Royal Gazette ကနေ ပညာရေးဥပဒေအသစ်တစ်ခု...

ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းအခြေချသူတွေအတွက်၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထိုင်းအစိုးရရဲ့ Royal Gazette ကနေ ပညာရေးဥပဒေအသစ်တစ်ခုကို အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ အခုဥပဒေသစ်အရ ထိုင်းနိုင်ငံထဲမှာ ရောက်ရှိနေထိုင်နေတဲ့ ကလေးငယ်မှန်သမျှ အိမ်ထောင်စုစာရင်း အထောက်အထား ရှိရှိမရှိရှိ၊ ထိုင်းနိုင်ငံသား ဖြစ်ဖြစ်မဖြစ်ဖြစ် ဘယ်သူမဆို ပညာသင်ကြားခွင့် ရရှိမှာ ဖြစ်ပါတယ်။ ကျောင်းသားမှာ အထောက်အထားမရှိရင် ကျောင်းကနေ G Code လို့ခေါ်တဲ့ အက္ခရာ G ပါတဲ့ ဂဏန်း ၁၃ လုံးပါ ကိုယ်ပိုင်နံပါတ်တစ်ခုကို ထုတ်ပေးပြီး လက်ခံရမှာဖြစ်ပါသည်။



news-view-count-icon

11