back

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ၂၀၂၅ ခုနှစ် အတွင်း လိုင်စင်မဲ့ မောင်းတဲ့ နိုင်ငံခြားသား ၂၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

Jan 30 • 2:49 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ ဖူးခက်မှာ ၂၀၂၅ ခုနှစ် အတွင်း လိုင်စင်မဲ့ မောင်းတဲ့ နိုင်ငံခြားသား ၂၆၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရ

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲချုပ်က ၂၀၂၅ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဓိ...

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲချုပ်က ၂၀၂၅ ခုနှစ်အတွင်း ရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဓိကကတော့ ဖူးခက်အုပ်ချုပ်ရေးမှူးရဲ့ လမ်းညွှန်ချက်အတိုင်း ပြည်နယ်အတွင်း လုံခြုံရေးနဲ့ ဥပဒေစိုးမိုးရေးအတွက် နိုင်ငံခြားသားတွေနဲ့ ငှားရမ်းယာဉ်တွေကို အရင်ကထက် ပိုပြီး မျက်ခြေမပြတ် စောင့်ကြည့်ဖမ်းဆီးနေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်လုံးမှာ ဖူးခက်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ ယာဉ်စည်းကမ်းဖောက်ဖျက်မှု အမှုပေါင်း ၃၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ အဲဒီထဲမှာမှ ၂၆,၀၀၀ ကျော်က လိုင်စင်မဲ့ မောင်းနှင်ခြင်း ဖြစ်နေတာကြောင့် ဒါဟာ ပြည်နယ်အတွင်း အဖြစ်အများဆုံး ပြစ်မှုဖြစ်နေပါတယ်။ လိုင်စင်မဲ့မောင်းလို့ အဖမ်းခံရသူတွေထဲမှာ ရုရှားနိုင်ငံသားက တစ်သောင်းကျော်နဲ့ ထိပ်ဆုံးကရှိနေပြီး မြန်မာနိုင်ငံသား ၈၂၅ ဦးလည်း အရေးယူခံခဲ့ရပါသည်။



news-view-count-icon

7