back

ဂျပန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ နှင်းထူထပ်စွာ ကျဆင်းနိုင်တာကြောင့် သတိထားကြဖို့ တိုက်တွန်း

Jan 30 • 2:48 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်မြောက်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ နှင်းထူထပ်စွာ ကျဆင်းနိုင်တာကြောင့် သတိထားကြဖို့ တိုက်တွန်း

ပြင်းထန်တဲ့ ဆောင်းရာသီလေဖိအားပုံစံနဲ့ လေအေးထုကြီးတစ်ခုတို့ကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်းကနေ အနောက်ပိုင်းအထိ အဓိကအားဖြင့် ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ ...

ပြင်းထန်တဲ့ ဆောင်းရာသီလေဖိအားပုံစံနဲ့ လေအေးထုကြီးတစ်ခုတို့ကြောင့် ဂျပန်နိုင်ငံမြောက်ပိုင်းကနေ အနောက်ပိုင်းအထိ အဓိကအားဖြင့် ဂျပန်ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်မှာ နှင်းကျနေပါတယ်။ ဇန်နဝါရီလ ၃၀ ရက် သောကြာနေ့ မနက် ၁၁ နာရီအထိ ၆ နာရီအတွင်း Tohoku ဒေသမြောက်ပိုင်းနဲ့ Kinki ဒေသတို့မှာ နှင်း ၁၀ စင်တီမီတာလောက် ကျဆင်းခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောပါတယ်။ နှင်းကျမှုနဲ့ လမ်း အေးခဲမှုတို့ကြောင့် ယာဉ်သွားလာရာမှာ အနှောင့်အယှက် ဖြစ်မှု၊ နှင်းပြိုမှု၊ ဓာတ်ကြိုးတွေနဲ့ သစ်ပင်တွေပေါ် နှင်းစုပုံမှုကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ အိမ်ခေါင်မိုးပေါ်ကနေ နှင်းပြိုကျမှုတွေကို သတိထားကြဖို့ မိုးလေဝသအရာရှိတွေက တိုက်တွန်းနေပါသည်။


news-view-count-icon

3