back

ဂျပန်မှာ ၂၀၂၅ ခုနှစ်က နိုင်ငံခြားသားအလုပ်သမားဦးရေ ၂.၅ သန်းကျော်အထိ စံချိန်တင် မြင့်မား

Jan 30 • 2:48 PM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်မှာ ၂၀၂၅ ခုနှစ်က နိုင်ငံခြားသားအလုပ်သမားဦးရေ ၂.၅ သန်းကျော်အထိ စံချိန်တင် မြင့်မား

ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်က စံချိန်တင်မြင့်မားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ၂.၅ သန်းကို ကျော်လွန်သွားခဲ့ပါတယ်။ အောက်တိ...

ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်က စံချိန်တင်မြင့်မားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ၂.၅ သန်းကို ကျော်လွန်သွားခဲ့ပါတယ်။ အောက်တိုဘာလကုန်အထိ ဂျပန်မှာ အလုပ်လုပ်နေတဲ့ နိုင်ငံခြားသား ၂,၅၇၁,၀၃၇ ဦး ရှိတယ်လို့ ကျန်းမာရေး၊ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ စုစုပေါင်းအရေအတွက်ဟာ ၂၀၂၄ ခုနှစ်ကထက် ၂၆၈,၄၅၀ တိုးလာခဲ့ပါတယ်။ ဗီယက်နမ်အလုပ်သမားတွေက အများဆုံး ဖြစ်ပြီး အရေအတွက်အားဖြင့် ၆၀၆,၀၀၀ လောက် ရှိပါတယ်။ အဲဒီနောက် တရုတ်က ၄၃၂,၀၀၀ လောက်၊ ဖိလစ်ပိုင်က ၂၆၁,၀၀၀ လောက်၊ နီပေါက ၂၃၆,၀၀၀ လောက်နဲ့ အင်ဒိုနီးရှားက ၂၂၈,၀၀၀ လောက် ရှိပါသည်။



news-view-count-icon

2