back

ဘန်ကောက်၊ လုမ္ပနီ ပန်းခြံမှာ ညဘက်ခရီးသွားပွဲတော် ကျင်းပ

Jan 30 • 2:51 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်၊ လုမ္ပနီ ပန်းခြံမှာ ညဘက်ခရီးသွားပွဲတော် ကျင်းပ

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က လုမ္ပနီ ပန်းခြံ မှာ ညဘက် လမ်းလျှောက်ထွက်ရင်း အနုပညာလက်ရာတွေနဲ့ ဂီတပွဲတွေကို ခံစားနိုင်မယ့် "The Night by Amazing Thailand" ပွဲ...

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က လုမ္ပနီ ပန်းခြံ မှာ ညဘက် လမ်းလျှောက်ထွက်ရင်း အနုပညာလက်ရာတွေနဲ့ ဂီတပွဲတွေကို ခံစားနိုင်မယ့် "The Night by Amazing Thailand" ပွဲတော်ကြီး စတင်နေပါပြီ။ ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က ကြီးမှူးကျင်းပတဲ့ ဒီပွဲကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကနေ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ညနေ ၄ နာရီကနေ ည ၉ နာရီခွဲအချိန်တွေမှာ ဝင်ရောက်ဆင်နွှဲနိုင်မှာ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိကဆွဲဆောင်မှုကတော့ မယ်တော်ကြီး သီရိခေတ် ရဲ့ တော်ဝင်လုပ်ဆောင်မှုတွေကို ခေတ်မီနည်းပညာတွေနဲ့ ပေါင်းစပ်ပြီး "The Light of Royal Grace" ဆိုတဲ့ Immersive Box ပုံစံနဲ့ ပြသထားတာပါ။ ပွဲတော်ဖွင့်ပွဲကို မင်းသမီး Ubolratana Rajakanya Sirivattana Phanwadhi ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကိုယ်တိုင်ရေးစပ်ထားတဲ့ တေးသီချင်းတွေကိုပါ သီဆိုဖျော်ဖြေခဲ့တာကြောင့် ပွဲတော်အငွေ့အသက်က ပိုပြီး စည်ကားသိုက်မြိုက်နေပါတယ်။



news-view-count-icon

6