ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ပြည်တွင်းမှခရီးသွားလာမည့်ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားများအား သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်နှင့် လမ်းခရီးရှိ ရေမြေတောတောင် သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂)ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sightseeing ရထားခရီးစဉ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ထိုသို့ပြေးဆွဲခဲ့ရာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်အထိ ပုံမှန်ရထားခရီးစဉ် ၁၃ ခေါက်ပြေးဆွဲပေးခဲ့ပြီး ခရီးသည် ၆၂၁ ဦး၊ Package ဖြင့် စင်းလုံးငှားရမ်းမှုတွင် ခရီးသည် ၂၄ ဦးလိုက်ပါစီးနင်းနိုင်သည့် RBE အထက်တန်းတွဲဖြင့် ခရီးစဉ် ရှစ်ကြိမ်နှင့် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်သည့် RBE ရိုးရိုး တန်းတွဲဖြင့် ခရီးစဉ် ခြောက်ကြိမ်ဖြစ်၍ ခရီးသည် ၄၃၂ ဦး၊ စင်းလုံးငှား ရထားကြီးဖြင့် ပြေးဆွဲပေးမှုအနေဖြင့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၆ ရက်တို့တွင် ပြင်ဦးလွင်မြို့ရှိ Snow Queen ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၅၄၀၊ ဇန်နဝါရီ ၂၈ ရက်တွင် ရိုးရိုးတန်း ငါးတွဲဖြင့် ပြင်ဦးလွင်မြို့ရှိ မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၃၀၀ နှင့် ဇန်နဝါရီ ၂၉ ရက်တွင် ရိုးရိုးတန်းလေးတွဲနှင့် အထက်တန်း နှစ်တွဲဖြင့် ပြင်ဦးလွင်မြို့ အနီးစခန်းရှိ ပညာရွှေရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ ၃၀၀ တို့ကို ပို့ဆောင်ပေးခဲ့ပြီး စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ဇန်နဝါရီ ၂၉ ရက်အထိ ခရီးသည်စုစုပေါင်း ၂၁၉၃ ဦး လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။



