back

တာချီလိတ် ရောင်နီဦးဝန်းအတွင်း တရုတ်လူမျိုး ရှောင်ထန်း၏ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေ

Jan 30 • 2:27 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ် ရောင်နီဦးဝန်းအတွင်း တရုတ်လူမျိုး ရှောင်ထန်း၏ ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေ

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခန်းရပ်ကွက်ရှိရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသားများ ဦးဆောင်သည့် ကျားဖြန့် (အွန်လိုင်းငွေလိမ်) အလုပ်ရုံများ ဖွင့်လှစ်ထာ...

ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆေခန်းရပ်ကွက်ရှိရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသားများ ဦးဆောင်သည့် ကျားဖြန့် (အွန်လိုင်းငွေလိမ်) အလုပ်ရုံများ ဖွင့်လှစ်ထားပြီး လူဦးရေ ၃၀၀ ကျော်ရှိသည့် ကုမ္ပဏီ ၃ ခုခန့် လုပ်ကိုင်နေကြောင်း သိရှိရသည်။ယင်းကျားဖြန့်လုပ်ငန်းများတွင် လာရောက်လုပ်ကိုင်နေသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ထွက်ပြေးလာသူများအပြင် လာအိုနိုင်ငံဘက်တွင် အဖမ်းအဆီးများရှိသဖြင့် ရွှေ့ပြောင်းလာကြသည့် တရုတ်နိုင်ငံသားများ ဖြစ်ကြောင်း သိရသည်။ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၈၀ ခန့် ဖမ်းဆီးခံရကာ အဓမ္မအလုပ်ခိုင်းစေခံထားရကြောင်း တရုတ်လူမှုကွန်ယက်များတွင် ပြီးခဲ့သည့်ရက်ပိုင်းက သတင်းပျံ့နှံခဲ့သည်။ယင်းငွေလိမ်ဂိုဏ်းကို ဦးဆောင်သူ ရှောင်ထန်း၏ ဇနီးမှာ ရှမ်းတိုင်းရင်းသူတစ်ဦးဖြစ်ပြီး ၎င်းသည် ယခင်ကလည်း ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်နှင့် (ဝ) ဒေသတို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။ ထို့ပြင် လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင်လည်း ငွေလိမ်လုပ်ငန်းခွဲများ ဖွင့်လှစ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။



news-view-count-icon

42