back

‎AYA Pay အကောင်းဆုံးဆုကို Young Lionesses အသင်းမှ Min Htone May Zitar ရရှိ

Jan 30 • 2:19 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

‎AYA Pay အကောင်းဆုံးဆုကို Young Lionesses အသင်းမှ Min Htone May Zitar ရရှိ

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18 ) ရာသီပိတ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၃၀ ရက်(ယနေ့)၊ ညနေက TF1 ကွင်း၌ Yangon City အသင်းနှင့် Young Liones...

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-18 ) ရာသီပိတ်ပွဲစဉ်အဖြစ် ဇန်နဝါရီ ၃၀ ရက်(ယနေ့)၊ ညနေက TF1 ကွင်း၌ Yangon City အသင်းနှင့် Young Lionesses အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Woman of the Match အကောင်းဆုံးကစားသမားဆုကို Young Lionesses အသင်းမှ ခံစစ်ကစားသမား Min Htone May Zitar (ကျောနံပါတ်-၂၄) က ရရှိခဲ့သည်။ 

‎Yangon City အသင်းနှင့် Young Lionesses အသင်းတို့ ပွဲတွင် Young Lionesses အသင်းက (၀-၂) ဖြင့်အနိုင်ရခဲ့သည်။ ယင်းပွဲစဥ်တွင် Min Htone May Zitar (ကျောနံပါတ်-၂၄) သည် ခြေစွမ်းပေါ်လွင်ခဲ့သည့်အပြင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Woman of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ 


news-view-count-icon

11