မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Taman Emas ရှိ စီးပွားရေးဇုန်တစ်ခုတွင် ဇန်နဝါရီ ၂၉ ရက်က လူဝင်မှုကြီးကြပ်ရေးဌာန (JIM) မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင်နေထိုင်သည့် မြန်မာ၊ အင်ဒိုနီးရှားနှင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံခြားသား ၂၁၈ ဦး ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ဆေးမှုတွင် ဒရုန်းနည်းပညာကို အသုံးပြု၍ အဆောက်အဦး ခေါင်မိုးပေါ်၌ ပုန်းအောင်းနေသူ ၁၅ ဦးကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီး၊ ပုန်းအောင်းနေသည့် အမျိုးသမီးတစ်ဦးမှာ မျက်နှာကြက်ကျွံကျကာ ပြုတ်ကျမှုဖြစ်ပွားခဲ့သည်။ ဖမ်းဆီးခံရသူများသည် ဗီဇာစည်းကမ်းဖောက်ဖျက်မှုနှင့် အထောက်အထားမရှိမှုတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၎င်းတို့အားလုံးကို Semenyih လူဝင်မှုကြီးကြပ်ရေးစခန်းသို့ ပို့ဆောင်ကာ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 30 • 7:31 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


