၃၀.၁.၂၀၂၆ ရက်ယနေ့၊ ၁၃နာရီ ၅၂ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၅ လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ ပုဇွန်တောင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။



