back

ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဦးစားပေးလုပ်ငန်းစဉ်များကို မြန်မာကိုယ်စားလှယ်အဖွဲ့ ထောက်ခံဆွေးနွေး

Jan 30 • 7:30 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဦးစားပေးလုပ်ငန်းစဉ်များကို မြန်မာကိုယ်စားလှယ်အဖွဲ့ ထောက်ခံဆွေးနွေး

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ဇန်နဝါရီ ၂၉ ရက်က ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မ...

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ဇန်နဝါရီ ၂၉ ရက်က ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ဖိလစ်ပိုင်၏ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မှုနှင့် ဦးစားပေးလုပ်ငန်းစဉ်များကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများကို အမြင်ချင်းဖလှယ်ခဲ့ကြသည့်အပြင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပခဲ့သည့် အခြေအနေများကိုလည်း အသိပေးဆွေးနွေးခဲ့သည်။ ထို့ပြင် အမြဲတမ်းအတွင်းဝန်သည် တီမောလက်စ်တေနှင့် ဖိလစ်ပိုင်နိုင်ငံခြားရေး တာဝန်ရှိသူများနှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

21