နေပြည်တော်တွင် ဇန်နဝါရီ ၂၉ရက်က
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) အောင်မြင်စွာ ကျင်းပနိုင်ရေးသတင်း၊ ပြန်ကြားရေးနှင့် ဖျော်ဖြေရေး လုပ်ငန်းကော်မတီ၏ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ရာ ပြခန်း ခင်းကျင်းပြသမှုများအပြင် ဖျော်ဖြေတင်ဆက်မှုများနှင့် ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။



