back

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပူးတွဲထောက်ခံကာ လက်တွေ့ကျင့်သုံးရန် သမ္မတ ရှီ ပြောကြား

Jan 30 • 4:21 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့က စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ပူးတွဲထောက်ခံကာ လက်တွေ့ကျင့်သုံးရန် သမ္မတ ရှီ ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို ထောက်ခံအားပေးသူများအဖြစ် တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အ...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒနှင့် လွတ်လပ်သောကုန်သွယ်ရေးကို ထောက်ခံအားပေးသူများအဖြစ် တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အနေဖြင့် စစ်မှန်သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို ပူးတွဲထောက်ခံကာ လက်တွေ့ကျင့်သုံးကြရန် ဇန်နဝါရီ ၂၉ ရက်၌ ပြောကြားခဲ့သည်။ သမ္မတ ရှီက ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမာနှင့် ပေကျင်းမြို့၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး နိုင်ငံအားလုံးက ယင်းအချက်ကို လိုက်နာမှသာလျှင် နိုင်ငံတကာဥပဒေက ဧကန်အမှန် ထိရောက်နိုင်မည် ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အဓိကနိုင်ငံကြီးများအနေဖြင့် လက်တွေ့ဦးဆောင်ပါဝင်ရမည်ဖြစ်ကာ ထိုသို့မဟုတ်ပါက ကမ္ဘာကြီးက တောတွင်းသဘာဝစည်းမျဉ်း အန္တရာယ်အတွင်းသက်ဆင်းနိုင်မည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

news-view-count-icon

7