back

တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် နွေဦးပွဲတော် ခရီးသွားကာလအတွင်း ခရီးသည်ခရီးစဉ်များ စံချိန်တင်မြင့်မားရန် မျှော်မှန်း

Jan 30 • 4:20 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံက ၂၀၂၆ ခုနှစ် နွေဦးပွဲတော် ခရီးသွားကာလအတွင်း ခရီးသည်ခရီးစဉ်များ စံချိန်တင်မြင့်မားရန် မျှော်မှန်း

"ချန်းယွင့်" ဟု လူသိများသည့် ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ခရီးသွားကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ဒေသအသီးသီးမှ ခရီးသည်ခရီးစဉ်များအနေဖြင့် ၉.၅ ဘီလီယံအထ...

"ချန်းယွင့်" ဟု လူသိများသည့် ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ခရီးသွားကာလအတွင်း တရုတ်နိုင်ငံတစ်ဝန်း ဒေသအသီးသီးမှ ခရီးသည်ခရီးစဉ်များအနေဖြင့် ၉.၅ ဘီလီယံအထိ စံချိန်တင်မြင့်မားရန် မျှော်မှန်းထားကြောင်း တရုတ်နိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ဇန်နဝါရီ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။ကိုယ်ပိုင်ကားများဖြင့်သွားလာသည့် ခရီးစဉ်များက စုစုပေါင်းခရီးသွားလာမှု၏ ၈၀ ရာခိုင်နှုန်းခန့်ရှိကာ ယင်းခရီးစဉ်များက တရုတ်နိုင်ငံ၏ အဆိုပါကာလအတွင်း ခရီးသွားလာမှု၌ ဆက်လက်လွှမ်းမိုးထားမည်ဖြစ်ကြောင်း NDRC ၏ ဒုတိယအကြီးအကဲ လီချွမ်းလျင် က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ရထားလမ်းနှင့် အရပ်ဘက်လေကြောင်းခရီးသည်အရေအတွက်အနေဖြင့် သန်း ၅၄၀ နှင့် ၉၅ သန်းစီ အသီးသီးရောက်ရှိမည်ဟု ခန့်မှန်းထားပြီး စုစုပေါင်းပမာဏနှင့် နေ့စဉ်အသွားအလာအများဆုံးပမာဏ နှစ်ခုစလုံးက သမိုင်းဝင်အဆင့်များကို ကျော်လွန်မည်ဟု မျှော်မှန်းရကြောင်း လီ က ပြောကြားခဲ့သည်။

news-view-count-icon

8