back

မလေးရှားကိုခိုးထွက်တဲ့ မွတ်ဆလင် ၅၀၀ နီးပါးကို ဖမ်းဆီးခဲ့

Jan 30 • 4:11 AM

breaking-news

မလေးရှား

ပြည်တွင်း

cover

မလေးရှားကိုခိုးထွက်တဲ့ မွတ်ဆလင် ၅၀၀ နီးပါးကို ဖမ်းဆီးခဲ့

မလေးရှားနိုင်ငံကို ခိုးထွက်တဲ့ မွတ်ဆလင် ၅၀၀ နီးပါးကိုရေတပ်နေဗီက ဖမ်းဆီးပြီး ရခိုင်ပြည်နယ်၊စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရ...

မလေးရှားနိုင်ငံကို ခိုးထွက်တဲ့ မွတ်ဆလင် ၅၀၀ နီးပါးကိုရေတပ်နေဗီက ဖမ်းဆီးပြီး ရခိုင်ပြည်နယ်၊စစ်တွေအကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်အစပ်က ဘင်္ဂလားပင်လယ်အော်တစ်နေရာမှာ မလေးရှားနိုင်ငံသို့သွားမဲ့ မွတ်ဆလင်ဦးရေ ၄၈၀ ကျော်တင်ထောင်ထားတဲ့ စက်လှေကြီးတစ်စီးကို ရေတပ်နေဗီက ဖမ်းဆီးခဲ့တာလို့ စစ်တွေဒေသခံ မွတ်ဆလင်အမျိုးသားတစ်ယောက်က ပြောပါတယ်။“နံ့သာကျွန်းအလွန်က ပင်လယ်မှာ ဖမ်းတာ။ ပုသိမ်က စက်လှေကြီး။ မလေးရှားကိုသွားကြမယ့်သူတွေလေ။ မိန်းမရော၊ ယောက်ကျားရော၊ ကလေးတွေရောပါတယ်”လို့ ပြောပါတယ်။

news-view-count-icon

15