မြန်မာနိုင်ငံတွင် ယခုနှစ်ကာလအတွင်း နိုင်ငံစီးပွားရေးကျဆင်းလာမှုနှင့်အတူ ပြည်သူများမှာလည်း စားဝတ်နေရေးကျပ်တည်းမှုကြားတွင် ထိုင်းထီထိုးသူ များပြားလာနေကြောင်း သိရသည်။အရင်းအနှီးပမာဏအနည်းငယ်ဖြင့် အမြတ်များများရနိုင်သော ထီထိုးခြင်းက ပြည်သူများအတွက် စိတ်ထွက်ပေါက်တစ်ခုဖြစ်လာကြောင်း ထိုင်းထီရောင်းချသူများက ပြောဆိုကြသည်။ထိုင်းထီတွင် ဂဏန်းခြောက်လုံးပါဝင်ပြီး တစ်တွဲလျှင် စောင်ရေ တစ်သန်းထုတ်ကာ လစဉ် စောင်ရေ သန်း ၉၀ အထိ ထုတ်ခြင်းဖြစ်သည်။ထိုင်းထီသည် တစ်လတွင် နှစ်ကြိမ်၊ အများအားဖြင့် လစဉ် ၁ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် ထွက်လေ့ရှိပြီး ထိုင်းနိုင်ငံ အခါကြီးရက်ကြီးများတွင်မူ ထွက်မည့်နေ့ အပြောင်းပြောင်းလဲတတ်ကြောင်း သိရသည်။ထိုင်းထီ ပထမဆုမှာ ဂဏန်း ၆ လုံးတူရမည်ဖြစ်သည်။ ဘတ် ၆ သန်းသတ်မှတ်ထားကာ ထီပေါက်သည့် အဆင့် ၅ ခု အထိ ရှိပြီး ရှေ့ ၃ လုံးတူ၊ နောက် ၂ လုံးတူ စသည်ဖြင့်လည်း ဆုကြေးအသေးများ ရှိသေးသည်။ယင်းကဲ့သို့ ထီပေါက်နှုန်းမြင့်မားသည့် ထိုင်းထီကို မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားမှ ကံစမ်းကြပြီး ထီ ပထမဆု ပေါက်သူများလည်းရှိနေသဖြင့် ပိုမို ထီထိုးနှုန်းမြင့်မားလာခြင်းဖြစ်သည်။
Jan 30 • 4:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 318 | 0 | 0 | 0 |


