back

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုရန်ပုံငွေ ယူရို ၃ သန်းနီးပါး ဒိန်းမတ်နိုင်ငံ ထပ်မံလှူဒါန်း

Jan 30 • 4:10 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုရန်ပုံငွေ ယူရို ၃ သန်းနီးပါး ဒိန်းမတ်နိုင်ငံ ထပ်မံလှူဒါန်း

ဒိန်းမတ်နိုင်ငံက ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ထံသို့ ယူရို ၂ ဒသမ ၉ သန်း (ဒိန်းမတ်ခရိုနာ ၂၁ ဒသမ ၇ သန်း) ထပ်မံလ...

ဒိန်းမတ်နိုင်ငံက ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံ လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေ (MHF) ထံသို့ ယူရို ၂ ဒသမ ၉ သန်း (ဒိန်းမတ်ခရိုနာ ၂၁ ဒသမ ၇ သန်း) ထပ်မံလှူဒါန်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ယမန်နေ့ ဇန်နဝါရီ ၂၈ ရက်က ထုတ်ပြန်သည်။အဆိုပါ ရန်ပုံငွေများကို မြန်မာနိုင်ငံအတွင်းရှိ ဒေသခံမိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ပဋိပက္ခ များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူများအား ဦးစားပေးကူညီ နိုင်ရန် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ယခု အစီအစဉ်အရ မြန်မာ တစ်နိုင်ငံလုံးရှိ မြို့နယ်အားလုံး၏ သုံးပုံနှစ်ပုံခန့်အထိ အကူအညီပေးနိုင်ရန် လျာထားကြောင်း ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးမြန်မာ ( UNOCHA) ထံမှ သိရသည်လက်ရှိတွင် မြန်မာနိုင်ငံ။တစ်ဝန်း၌ ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) ၃ ဒသမ ၆ သန်းရှိနေပြီး ဆက်လက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုလိုအပ်နေကြောင်း UNOCHA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

news-view-count-icon

38