back

တောင်ကိုရီးယားရဲတပ်ဖွဲ့က ကူးဖန်အွန်လိုင်းအရောင်းကုမ္ပဏီကို ရှာဖွေဖမ်းဆီး

Jan 30 • 4:08 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားရဲတပ်ဖွဲ့က ကူးဖန်အွန်လိုင်းအရောင်းကုမ္ပဏီကို ရှာဖွေဖမ်းဆီး

တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ လွှတ်တော်အမတ်တယောက်နဲ့ ဆက်နွှယ်နေတဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးအနေနဲ့ ကူးဖန် အမည်ရှိ အွန်လိုင်းအရောင်းကုမ္ပဏီကို ဝင်ရောက်စီးနင်း...

တောင်ကိုရီးယားရဲတပ်ဖွဲ့ဟာ လွှတ်တော်အမတ်တယောက်နဲ့ ဆက်နွှယ်နေတဲ့ အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးအနေနဲ့ ကူးဖန် အမည်ရှိ အွန်လိုင်းအရောင်းကုမ္ပဏီကို ဝင်ရောက်စီးနင်းပြီး ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဇန်နဝါရီ ၂၉ ရက်က ယွန်ဟက်ပ်သတင်းမှာ ဖော်ပြပါတယ်။အာဏာရ ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အတွင်း ပါတီခေါင်းဆောင်အမတ်ဟောင်း ဂင်မ်ဗြောင်းဂီဟာ သူရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေအတွက် လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သံသယ အပါအဝင် စွပ်စွဲချက်အများအပြားနဲ့ စုံစမ်းစစ်ဆေးခံနေရတာပါ။အထူးသဖြင့် သူဟာ အစိုးရအရာရှိတွေ လိုက်နာရမဲ့ ကျင့်ဝတ်ဥပဒေကို ချိုးဖောက်ပြီး ကူးဖန်ကုမ္ပဏီက အမှုဆောင်အရာရှိတယောက်နဲ့ တွေ့ဆုံခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ရဲတပ်ဖွဲ့က အခုရှာဖွေစစ်ဆေးမှုနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို ကူးဖန်ရဲ့ တောင်ကိုရီးယားရုံးခွဲနဲ့ ဂင်မ်ဗြောင်းဂီရဲ့ ရုံးခန်းမှ တာဝန်ရှိသူတယောက်ကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ဒါ့အပြင် ကူးဖန်ကုမ္ပဏီဟာ လက်ရှိ အဂတိမှုအပြင်၊ ပြီးခဲ့တဲ့ကာလက တောင်ကိုရီးယား လုပ်ငန်းခွဲမှာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက် ပေါက်ကြားမှု အများအပြား ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့လည်း အစိုးရရဲ့ သီးခြားစုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

news-view-count-icon

9