back

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဝက်ငယ်များတွင် ဝမ်းဖြူသွားခြင်းရောဂါ

Jan 30 • 3:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

သံဓာတ်ချို့တဲ့ခြင်းကြောင့် ဝက်ငယ်များတွင် ဝမ်းဖြူသွားခြင်းရောဂါ

ဝက်ကလေးများ အသက် ၁၀ ရက်ကျော်လာပါက မိခင်နို့မှရရှိသော သံဓာတ် မလုံလောက်တော့သဖြင့် သံဓာတ်အားဆေး ကြိုတင်မရရှိပါက ဝမ်းအရောင်မှာ မီးခိုးရောင်မှ အဖြူရောင်အရည်များအဖြစ်...

ဝက်ကလေးများ အသက် ၁၀ ရက်ကျော်လာပါက မိခင်နို့မှရရှိသော သံဓာတ် မလုံလောက်တော့သဖြင့် သံဓာတ်အားဆေး ကြိုတင်မရရှိပါက ဝမ်းအရောင်မှာ မီးခိုးရောင်မှ အဖြူရောင်အရည်များအဖြစ် ပြောင်းလဲကာ ပိန်ချုံးသေဆုံးတတ်သည့် ဝမ်းဖြူရောဂါ ဖြစ်ပွားတတ်ကြောင်း မွေးမြူရေးနှင့် ကုသရေးပညာရှင် ဒေါက်တာစောထွန်းထွန်းက အသိပေးထားသည်။ အဆိုပါရောဂါကို ကာကွယ်ရန် ဝက်ကလေး အသက် ၃ ရက်နှင့် ၇ ရက်သားတို့တွင် သံဓာတ်အားဆေး ကြိုတင်ထိုးပေးထားရမည်ဖြစ်ပြီး၊ ရောဂါဖြစ်ပွားပါက သံဓာတ်ထိုးဆေး (သို့မဟုတ်) လူသုံးဆေးဆိုင်များတွင် ဝယ်ယူရရှိနိုင်သော ဖဲရပ်ဆာလဖိတ် (Ferrous Sulfate) ဆေးလုံးကို တစ်နေ့တစ်လုံးနှုန်းဖြင့် ၃ ရက်ဆက်တိုက် တိုက်ကျွေးကုသနိုင်သည့်အပြင် ဤရောဂါသည် လူသို့ကူးစက်ခြင်းမရှိကြောင်း သိရှိရပါသည်။

news-view-count-icon

35