ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှု (Online Scam) များတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသဖြင့် လွှဲပြောင်းပေးအပ်ခြင်းခံရသော မြန်မာနိုင်ငံသား ၅၄၃ ဦး ကို တပ်မတော်လေယာဉ်ဖြင့် မြိတ်မြို့သို့ ဦးစွာခေါ်ဆောင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂၈ ရက်တွင် စစ်ရေယာဉ် (မုတ္တမ) ဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။ ၎င်းတို့အား ရန်ကုန်မြို့ အမှတ် (၃) ဆိပ်ခံတံတားတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက လက်ခံတွေ့ဆုံကာ ကျန်းမာရေးစစ်ဆေးမှုနှင့် လိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီးနောက် စုရပ်နေရာများသို့ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဇန်နဝါရီ ၂၈ ရက်အထိ ကမ္ဘောဒီးယားမှ မြန်မာနိုင်ငံသား စုစုပေါင်း ၇၂၉ ဦးကို ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကာ နိုင်ငံတကာနှင့် ပူးပေါင်း၍ အွန်လိုင်းရာဇဝတ်မှုများကို ထိရောက်စွာ ဆက်လက်နှိမ်နင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ကမ္ဘောဒီးယားရောက် အွန်လိုင်းလိမ်လည်မှုသံသယရှိသူ မြန်မာနိုင်ငံသား ၅၄၃ ဦးကို စစ်ရေယာဉ် (မုတ္တမ) ဖြင့် ရန်ကုန်သို့ ပြန်လည်ပို့ဆောင်
Jan 30 • 3:54 AM
ကမ္ဘောဒီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 6 | 0 | 0 | 0 |


