back

ချွန်ဘူရီ ဘော်ဝင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဝင်ရောက်စစ်ဆေးစဉ် မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

Jan 30 • 3:55 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချွန်ဘူရီ ဘော်ဝင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဝင်ရောက်စစ်ဆေးစဉ် မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရာချာမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဇန်နဝါရီ ၂၈ ရက်က ထိုင်းအာဏာပိုင်များ ဝင်ရောက်စ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရာချာမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို ဇန်နဝါရီ ၂၈ ရက်က ထိုင်းအာဏာပိုင်များ ဝင်ရောက်စီးနင်းရာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိသည့် မြန်မာလုပ်သား ၂၇ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဘော်ဝင်းစက်မှုဇုန်အတွင်းရှိ အဆိုပါလုပ်ငန်းခွင်၌ တရားမဝင်အလုပ်သမားများ ခန့်ထားကြောင်း တိုင်ကြားချက်အရ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ စစ်ဆေးစဉ်အတွင်း အလုပ်သမားများ ထွက်ပြေးသဖြင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။ ဖမ်းဆီးရမိသူများကို ဥပဒေအရ အရေးယူနိုင်ရန် ဘော်ဝင်းရဲစခန်းသို့ ပို့ဆောင်ထားပြီး အဆိုပါလုပ်ငန်းခွင်တွင် တရားဝင်အထောက်အထားရှိသည့် မြန်မာလုပ်သား ၅၃ ဦးလည်း ရှိနေကြောင်း သိရှိရပါသည်။

news-view-count-icon

10