back

ရန်ကုန်တွင် ပျောက်ဆုံးနေသည့် ကျောက်ဖြူမှ လူရည်ချွန်ကျောင်းသူကို တွေ့ရှိပါက ဆုကြေးငွေ သိန်း ၂၀၀ ပေးမည်ဟု မိခင်ဖြစ်သူ ကြေညာ

Jan 30 • 3:53 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တွင် ပျောက်ဆုံးနေသည့် ကျောက်ဖြူမှ လူရည်ချွန်ကျောင်းသူကို တွေ့ရှိပါက ဆုကြေးငွေ သိန်း ၂၀၀ ပေးမည်ဟု မိခင်ဖြစ်သူ ကြေညာ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် အသက် ၁၇ နှစ်အရွယ် မဆုရတနာအောင် (G12 ကျောင်းသူ) သည် ဧပြီ ၂၄ ရက်က လှည...

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် အသက် ၁၇ နှစ်အရွယ် မဆုရတနာအောင် (G12 ကျောင်းသူ) သည် ဧပြီ ၂၄ ရက်က လှည်းကူးမြို့ရှိ ဘော်ဒါဆောင်မှ မုန့်ထွက်ဝယ်ရာမှ ပျောက်ဆုံးသွားခဲ့ရာ ယနေ့အထိ ရှာမတွေ့သေးကြောင်း သိရသည်။ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက ၎င်း၏သမီးငယ်နှင့် ပတ်သက်၍ သတင်းတိတိကျကျ ပေးနိုင်သူကို ဆုငွေကျပ်သိန်း ၂၀၀ ပေးအပ်မည်ဟု ဇူလိုင် ၄ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ကြေညာထားသည်။ မိသားစုဝင်များအနေဖြင့် သက်ဆိုင်ရာရဲစခန်းနှင့် သတင်းစာများတွင်လည်း လူပျောက်ကြော်ငြာများ ထည့်သွင်းကာ အပူတပြင်း ရှာဖွေနေကြောင်း သိရှိရပါသည်။

news-view-count-icon

31