ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ဆီဝန်းထောင်းကျေးရွာအနီး ရာဘာခြံအတွင်း၌ ဇန်နဝါရီ ၂၉ ရက် မွန်းလွဲပိုင်းက ငွေကျပ်သိန်း ၆၀,၀၀၀ ကျော် (ကျပ် ၆ ဘီလီယံခန့်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် တရားခံများကို ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသယ်ဆောင်လာသည့် လူ ၁၀ ဦးခန့်အား ပူးပေါင်းအဖွဲ့က စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် သေနတ်ဖြင့်စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ဖမ်းဆီးရာမှ တရားခံ စိုင်းအောင်ခမ်း ကို ပစ္စတိုသေနတ်တစ်လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ ကတ်တမင်း ၃၅၀ ကီလို (တန်ဖိုး ကျပ်သိန်း ၃၁,၅၀၀) နှင့် အိုက်စ် (မက်သ်အဖက်တမင်း) ၃၅၇ ကီလို (တန်ဖိုး ကျပ်သိန်း ၂၈,၅၆၀) တို့ကို သိမ်းဆည်းရမိခဲ့သည်။ကွင်းဆက်စစ်ဆေးချက်အရ သယ်ဆောင်ခိုင်းသူမှာ ကျိုင်းတုံမြို့နေ အိုက်သား ဖြစ်ပြီး၊ ပါဝင်သူအဖြစ် ၎င်း၏ဖခင် အိုက်နွန်း ကို ပါခါကျေးရွာရှိ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။ လက်ရှိတွင် တရားခံ စိုင်းအောင်ခမ်းနှင့် အိုက်နွန်းတို့အား ဝမ်ပုံနယ်မြေရဲစခန်း၌ အသေးစိတ်စစ်ဆေးလျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အိုက်နွန်း (ခ) အိုက်ခမ်းနွန်းနှင့် အခြားဆက်စပ်သူများကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
Jan 30 • 3:51 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 12 | 0 | 0 | 0 |


