မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် ဇန်နဝါရီ ၂၆ ရက်က ဆိုင်ကယ်တစ်စီးတည်း သုံးယောက်စီးလာသည့် ရော်ဘာခြံလုပ်သားလူငယ် ၃ ဦးကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် စစ်မှုထမ်းအပို့မခံလိုပါက တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ စီပေးရန် မိသားစုများကို ခြိမ်းခြောက်ငွေတောင်းခံခဲ့ကြောင်း သိရှိရပါသည်။ ဖမ်းဆီးခံရသူများအနက် လူငယ် ၂ ဦးမှာ မိဘများက ငွေကျပ် ၇၀ သိန်းစီပေး၍ ပြန်လည်ရွေးယူနိုင်ခဲ့သော်လည်း ငွေကြေးမတတ်နိုင်သည့် ကျန်လူငယ်တစ်ဦးဖြစ်သူ မောင်မိုးဝင်းအောင်မှာမူ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘဲ စစ်မှုထမ်းရန်အတွက် ဆက်လက်ချုပ်နှောင်ခံထားရကြောင်း သိရှိရပါသည်။
Jan 30 • 3:51 AM
မြန်မာ
မွန်
မျှဝေမည်
| 15 | 0 | 0 | 0 |


