back

Toyota ဟာ ၆ နှစ်ဆက်တိုက် ကမ္ဘာ့ ကားရောင်းအား အကောင်းဆုံး ဖြစ်နေ

Jan 30 • 3:46 AM

breaking-news

မြန်မာ

ပြည်ပ

cover

Toyota ဟာ ၆ နှစ်ဆက်တိုက် ကမ္ဘာ့ ကားရောင်းအား အကောင်းဆုံး ဖြစ်နေ

Toyota Motor Corp. အုပ်စုသည် မြောက်အမေရိကဈေးကွက်တွင် ဟိုင်းဘရစ် (Hybrid) ကားများ လူကြိုက်များလာမှုနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ မော်တော်ယာဉ်စီးရေ ၁၁....

Toyota Motor Corp. အုပ်စုသည် မြောက်အမေရိကဈေးကွက်တွင် ဟိုင်းဘရစ် (Hybrid) ကားများ လူကြိုက်များလာမှုနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ မော်တော်ယာဉ်စီးရေ ၁၁.၃ သန်းကျော် (၁၁,၃၂၂,၅၇၅ စီး) အထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ရောင်းအားအကောင်းဆုံးနေရာကို ၆ နှစ်ဆက်တိုက် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ကြောင်း ဇန်နဝါရီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါရောင်းအားသည် ပြီးခဲ့သည့်နှစ်ထက် ၄.၆ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ပြီး ဂျာမန်ကားကုမ္ပဏီ Volkswagen ၏ ရောင်းအားကို ကျော်လွန်ကာ Toyota ၏ ဇိမ်ခံကားအမှတ်တံဆိပ်ဖြစ်သော Lexus မှာလည်း စီးရေ ၈ သိန်းကျော်အထိ စံချိန်တင်ရောင်းချခဲ့ရသည်။ ထို့ပြင် တစ်ကမ္ဘာလုံးဆိုင်ရာ ယာဉ်ထုတ်လုပ်မှုမှာလည်း ၅.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ရာ ဂျပန်နှင့် မြောက်အမေရိကဈေးကွက်များတွင် ရောင်းအားသိသိသာသာ မြင့်တက်လာခြင်းက ကုမ္ပဏီအတွက် အဓိကအထောက်အပံ့ဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

19