back

ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ကာ ပစ္စည်းများလုယက်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်

Jan 30 • 3:45 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ကာ ပစ္စည်းများလုယက်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ပြီး ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သည့် တရ...

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ပြီး ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့သည့် တရားခံ (၅) ဦးအား ဇန်နဝါရီ ၂၈ ရက်တွင် ဥတ္တရခရိုင်တရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ထိရောက်သော ပြစ်ဒဏ်များ အသီးသီးချမှတ်လိုက်သည်။ အဆိုပါဖြစ်စဉ်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဆိုင်ကယ်ဖြင့် တစ်ဦးတည်းသွားစဉ် လမ်း၌ တိုက်ခိုက်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ကာ ပြစ်မှုကျူးလွန်သူ ဆောက်လုပ်ရေးလုပ်သား သိန်းဇော် (ခ) ကိုသိန်း အပါအဝင် ပါဝင်ပတ်သက်သူများကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16