menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

မြန်မာနိုင်ငံမှ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် နိုင်ငံခြားသား ၁၂၇ ဦးကို မြဝတီ-ထိုင်းနယ်စပ်မှတစ်ဆင့် ပြည်နှင်လွှဲပြောင်း

Jan 30 • 3:44 AM

breaking-news

မြန်မာ

ပြည်တွင်း

မျှဝေမည်

share-news
cover

မြန်မာနိုင်ငံမှ အွန်လိုင်းလိမ်လည်မှုတွင် ပါဝင်သည့် နိုင်ငံခြားသား ၁၂၇ ဦးကို မြဝတီ-ထိုင်းနယ်စပ်မှတစ်ဆင့် ပြည်နှင်လွှဲပြောင်း

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ပြီး မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသတို့တွင် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်လုပ်ငန်းများ၌ ပါဝင်ပတ်သက်ခဲ့သည့်...

cover-photo

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်ပြီး မြဝတီနှင့် ရွှေကုက္ကိုလ်ဒေသတို့တွင် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်လုပ်ငန်းများ၌ ပါဝင်ပတ်သက်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား ၉၁ ဦး နှင့် ကင်ညာနိုင်ငံသား ၃၆ ဦး (စုစုပေါင်း ၁၂၇ ဦး) ကို ဇန်နဝါရီ ၂၉ ရက်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်လွှဲပြောင်းပေးခဲ့သည်။အဆိုပါလွှဲပြောင်းပေးအပ်ပွဲသို့ မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့်အတူ ထိုင်းနိုင်ငံဆိုင်ရာ ကင်ညာနှင့် အင်ဒိုနီးရှားသံရုံးတို့မှ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်အနေဖြင့် Online Scam လုပ်ငန်းများကို နှိမ်နင်းရန် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး လူကုန်ကူးခံရသူများကိုလည်း သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

16

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ချန်ပီယံလိဂ်တွင် စတုတ္ထအကြိမ်မြောက် All-English Final ဖြစ်လာနိုင်မလား

ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ကာ ပစ္စည်းများလုယက်ခဲ့သူများကို ထိရောက်သောပြစ်ဒဏ်များ ချမှတ်

cover-photo
right-arrow-icon