back

ချန်ပီယံလိဂ်တွင် စတုတ္ထအကြိမ်မြောက် All-English Final ဖြစ်လာနိုင်မလား

Jan 30 • 3:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချန်ပီယံလိဂ်တွင် စတုတ္ထအကြိမ်မြောက် All-English Final ဖြစ်လာနိုင်မလား

ယခုရာသီ ချန်ပီယံလိဂ် League Phase အပြီးတွင် ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် အာဆင်နယ်၊ လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီးနှင့် မန်စီးတီးတို့မှာ နောက်တစ်ဆင့်သို့ အသီးသီး ...

ယခုရာသီ ချန်ပီယံလိဂ် League Phase အပြီးတွင် ပရီးမီးယားလိဂ်အသင်းများဖြစ်သည့် အာဆင်နယ်၊ လီဗာပူးလ်၊ စပါး၊ ချယ်လ်ဆီးနှင့် မန်စီးတီးတို့မှာ နောက်တစ်ဆင့်သို့ အသီးသီး တက်ရောက်နိုင်ခဲ့ပြီး နယူးကာဆယ်မှာလည်း Play-off ကစားခွင့်ရရှိခဲ့သဖြင့် အင်္ဂလန်ကလပ် (၆) သင်းစလုံး ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်သည့် အခြေအနေရှိနေသည်။ ရီးယဲလ်မက်ဒရစ်နှင့် PSG ကဲ့သို့ အသင်းကြီးများ ရုန်းကန်နေရချိန်တွင် ခြေစွမ်းပြနေသည့် အာဆင်နယ်မှာ ဗိုလ်စွဲရန် ရေပန်းအစားဆုံး ဖြစ်နေသလို၊ ချယ်လ်ဆီးကလည်း ဘာစီလိုနာကို အနိုင်ရထားသဖြင့် ပရီးမီးယားလိဂ်အသင်းများ၏ အခွင့်အရေးမှာ အလွန်ကောင်းမွန်နေသည်။ ထို့ကြောင့် ၂၀၀၈၊ ၂၀၁၉ နှင့် ၂၀၂၁ ခုနှစ်များနောက်ပိုင်း ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် စတုတ္ထအကြိမ်မြောက် All-English Final ကို ထပ်မံမြင်တွေ့ရနိုင်မလားဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ်ပါသည်။

news-view-count-icon

15