back

ဘန်ကောက်ကနေ ထွက်ခွာတဲ့ AirAsia လေကြောင်းလိုင်း ခရီးသည် ၂၃ ဦး ဘတ်စ်ကားပေါ်မှာ ကျန်ရစ်ခဲ့

Jan 30 • 3:42 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်ကနေ ထွက်ခွာတဲ့ AirAsia လေကြောင်းလိုင်း ခရီးသည် ၂၃ ဦး ဘတ်စ်ကားပေါ်မှာ ကျန်ရစ်ခဲ့

ဘန်ကောက် (ဒွန်မောင်း) လေဆိပ်မှ Hat Yai သို့ ပျံသန်းမည့် AirAsia လေယာဉ်ခရီးစဉ် (FD3116) ၌ ဝန်ထမ်းများအကြား ဆက်သွယ်ရေး အမှားအယွင်းဖြစ်ကာ ခရီးသည် ၂၃ ဦး လေယာဉ်ဆီသို...

ဘန်ကောက် (ဒွန်မောင်း) လေဆိပ်မှ Hat Yai သို့ ပျံသန်းမည့် AirAsia လေယာဉ်ခရီးစဉ် (FD3116) ၌ ဝန်ထမ်းများအကြား ဆက်သွယ်ရေး အမှားအယွင်းဖြစ်ကာ ခရီးသည် ၂၃ ဦး လေယာဉ်ဆီသို့ ပို့ဆောင်ပေးသည့် ဘတ်စ်ကားပေါ်တွင် တံခါးပိတ်လျက် ကျန်ရစ်ခဲ့သော ဖြစ်ရပ်တစ်ခု ဇန်နဝါရီ ၁၇ ရက်တွင် ဖြစ်ပွားခဲ့သည်။ လေယာဉ်ထွက်ခွာရန် ပြေးလမ်းပေါ်သို့ မောင်းနှင်နေပြီဖြစ်သော်လည်း လေယာဉ်ပေါ်ပါ ခရီးသည်တစ်ဦး၏ သတိပေးမှုကြောင့် ဖုန်းဆက်သွယ်စုံစမ်းရာမှ လူကျန်နေမှန်း သိရှိခဲ့ရခြင်းဖြစ်သည်။ထို့ကြောင့် လေယာဉ်မှာ ဂိတ်သို့ ပြန်လှည့်ခဲ့ရပြီး ၃၆ မိနစ်ခန့် ကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကာ ကျန်ရစ်သူ ၂၃ ဦးကို ပြန်လည်တင်ဆောင်ခဲ့ရသည်။ AirAsia လေကြောင်းလိုင်းက ယင်းဖြစ်ရပ်အတွက် ဇန်နဝါရီ ၂၈ ရက်တွင် တောင်းပန်စာထုတ်ပြန်ခဲ့ပြီး နောင်တွင် အလားတူအမှားမျိုး ထပ်မဖြစ်စေရန် တင်းကြပ်သော စည်းကမ်းများ ချမှတ်ဆောင်ရွက်သွားမည်ဟု ပြောကြားထားသည်။

news-view-count-icon

7