back

ဗဟန်းမြို့နယ် ဗိုလ်ချို (၁) လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် သန်းခေါင်ယံအချိန် မီးလောင်မှုဖြစ်ပွား

Jan 30 • 3:47 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဗဟန်းမြို့နယ် ဗိုလ်ချို (၁) လမ်းရှိ တိုက်ခန်းတစ်ခန်းတွင် သန်းခေါင်ယံအချိန် မီးလောင်မှုဖြစ်ပွား

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၀၀:၄၄ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗိုလ်ချို (၁) လမ်းရှိ တိုက်ခန်းတ...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်အစောပိုင်း ၀၀:၄၄ နာရီအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဗိုလ်ချို (၁) လမ်းရှိ တိုက်ခန်းတစ်ခန်း၌ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အနာဂတ်အလင်းတန်းပရဟိတအသင်းမှ မီးသတ်အထောက်အကူပြုယာဉ်တစ်စီး၊ စေတနာ့ဝန်ထမ်း ၄ ဦးတို့က သွားရောက်ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါမီးလောင်မှုဖြစ်ပွားရာသို့ လူမှုကူညီရေးအသင်းအဖွဲ့များစွာ လာရောက်ဝိုင်းဝန်းကူညီခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

16