back

စင်ကာပူ Serangoon Stadium က Six-pack အမျိုးသားများကြောင့် တရုတ်နိုင်ငံသူလေး အံ့အားသင့်

Jan 30 • 2:42 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

စင်ကာပူ Serangoon Stadium က Six-pack အမျိုးသားများကြောင့် တရုတ်နိုင်ငံသူလေး အံ့အားသင့်

စင်ကာပူနိုင်ငံ Serangoon Stadium မှာ လေ့ကျင့်ခန်းလုပ်နေကြတဲ့ အမျိုးသားတွေရဲ့ ကြံ့ခိုင်မှုနဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားတွေကြောင့် တရုတ်နိုင်ငံသူ အမျိုးသမီးတ...

စင်ကာပူနိုင်ငံ Serangoon Stadium မှာ လေ့ကျင့်ခန်းလုပ်နေကြတဲ့ အမျိုးသားတွေရဲ့ ကြံ့ခိုင်မှုနဲ့ အမိုက်စား ခန္ဓာကိုယ်အချိုးအစားတွေကြောင့် တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦး ဟာ အလွန်အံ့အားသင့်ခဲ့ရပါတယ်။ဒီဖြစ်စဉ်လေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အသက် ၃၂ နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ဦးဖြစ်တဲ့ @chendaisy06162025 ဆိုသူက သူမရဲ့ Instagram အကောင့်မှာ ဗီဒီယိုဖိုင်တစ်ခု တင်လိုက်ရာကနေ လူပြောများလာခဲ့တာပါ။ သူမဟာ Serangoon Stadium ကို ရောက်ရှိသွားချိန်မှာ အများပြည်သူအပန်းဖြေ အားကစားလုပ်တဲ့နေရာမှာရှိနေတဲ့ အမျိုးသားတွေဟာ တစ်ယောက်မကျန် ဝမ်းဗိုက်ကြွက်သား (Six-pack or Eight-pack abs) တွေရှိနေတာကို တွေ့လိုက်ရလို့ အရမ်းကို အံ့သြသွားခဲ့ရတာပဲဖြစ်ပါတယ်။ သူမက ဗီဒီယိုထဲမှာ "ကျွန်မ အခု စင်ကာပူနိုင်ငံသားတွေ အားလုံးအတွက် ဖွင့်ထားတဲ့ အားကစားကွင်းကို ရောက်နေတာပါ၊၊ဒီဗီဒီယိုဟာ ကြည့်ရှုသူ ၃၉,၀၀၀ ကျော်ရှိသွားခဲ့ပြီး အွန်လိုင်းအသုံးပြုသူတွေကတော့ ဒီလူတွေဟာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားတဲ့ Hyrox လို့ခေါ်တဲ့ အပြင်းအထန် ကြံ့ခိုင်မှုလေ့ကျင့်ရတဲ့ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်နေကြတာဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

news-view-count-icon

5