back

အသင်းပိုင်ရှင်တွေကို မန်ယူအသင်းပရိသတ် ဆက်လက်ဆန္ဒပြမည်

Jan 30 • 2:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

အသင်းပိုင်ရှင်တွေကို မန်ယူအသင်းပရိသတ် ဆက်လက်ဆန္ဒပြမည်

မန်ယူအသင်းပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ The 1958 အဖွဲ့ မန်ယူအသင်းပိုင်ရှင်တွေကို ဆက်လက်ဆန္ဒပြသွားမယ်လို့သိရပါတယ်။နည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာ မန်ယူအသင်းက မန်စီးတီးနဲ...

မန်ယူအသင်းပရိသတ်အဖွဲ့တစ်ခုဖြစ်တဲ့ The 1958 အဖွဲ့ မန်ယူအသင်းပိုင်ရှင်တွေကို ဆက်လက်ဆန္ဒပြသွားမယ်လို့

သိရပါတယ်။နည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာ မန်ယူအသင်းက မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကို ဆက်တိုက်အနိုင်ရထားပေမယ့် The 1958 အဖွဲ့က လာမယ့် ဖူလ်ဟမ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် ဆက်လက်ဆန္ဒပြဖို့ စီစဉ်နေတာဖြစ်ပါတယ်။The 1958 အဖွဲ့က အဖွဲ့ဝင်တစ်သိန်းကျော်ရှိပြီး မန်ယူအသင်းရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့ ဂလေဇာမိသားစုကိုမကျေနပ်ဘဲ ဆန္ဒပြနေတာပါ။The 1958 အဖွဲ့က မန်ယူအသင်းရဲ့ လတ်တလောရလဒ်တွေဟာ အသင်းရဲ့ အနာဂတ်အတွက် ကြီးမားတဲ့သက်ရောက်မှုမဟုတ်ဘူးလို့ ယူဆနေပြီး အသင်းပိုင်ရှင်တွေရဲ့ စီမံခန့်ခွဲမှုကို ဆက်လက်ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

news-view-count-icon

23