back

ထားဝယ်မြို့နယ်နှင့်ရေဖြူမြို့နယ်အတွင်း တရားမဝင် ခဲမဖြူ၊ အဖြိုက်နက်များ ဖမ်းဆီးရမိရန် သတင်းပေးသူ၊ ဖမ်းဆီးသူများအား ဆုချီးမြှင့်

Jan 30 • 2:31 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်မြို့နယ်နှင့်ရေဖြူမြို့နယ်အတွင်း တရားမဝင် ခဲမဖြူ၊ အဖြိုက်နက်များ ဖမ်းဆီးရမိရန် သတင်းပေးသူ၊ ဖမ်းဆီးသူများအား ဆုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊အဖြိုက်နက်နှင့် ခဲမဖြူ၊ အဖြိုက်နက်ရောရာသတ္တုပစ္စည်း ၁...

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ထားဝယ်မြို့နယ်နှင့် ရေဖြူမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊အဖြိုက်နက်နှင့် ခဲမဖြူ၊ အဖြိုက်နက်ရောရာသတ္တုပစ္စည်း ၁၃ ဒသမ ၉၈၀ တန် အမှုတွဲ(၁၁)မှုဖြစ်သည့် ရာဇဝတ်ကြီးမှု တစ်မှုချင်းအလိုက် ပါဝင်သော ဖမ်းဆီးသူ၊ ရှာဖွေသက်သေနှင့် သတင်းပေးသူတို့အား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ဖမ်းဆီးရမိသောသတ္တုများ (၁၃ ဒသမ ၉၈၀) မက်ထရစ်တန် အမှုတွဲ(၁၁) မှု ဖြစ်သည့် ရာဇဝတ်ကြီးမှု တစ်မှုချင်းအလိုက်ပါဝင်သော ဖမ်းဆီးသူနှင့်သတင်းပေးသူတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့က ထိုက်တန်စွာဆုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ တရားမဝင်သယ်ဆောင်လာသည့် ခဲမဖြူ၊အဖြိုက်နက်နှင့် ခဲမဖြူ၊ အဖြိုက်နက်ရောရာ သတ္တုပစ္စည်းများဖမ်းဆီးပေးသူများအနေဖြင့် ဆုငွေများကို ထိုက်တန်ဂုဏ်ယူစွာ လက်ခံစေလိုကြောင်းပြောကြားသည်။ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းဒေသကြီးဝန်ကြီးများက တစ်မှုချင်းအလိုက် တင်ဒါခေါ်ယူရောင်းချရရှိသည့်သတ္တုတန်ဖိုးငွေများအနက်မှ သတင်းပေးသူအတွက် ၂၀ ရာခိုင်နှုန်း ငွေကျပ် ၂၆,၀၄၇,၆၉၇ ဒသမ ၃၆ နှင့် ဖမ်းဆီးသည့်အဖွဲ့အစည်းအတွက် (၃၀ ရာခိုင်နှုန်း) ငွေကျပ် ၆၈,၉၁၆,၈၈၂ ဒသမ ၀၃ တို့အား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

16