back

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲတက်ရောက်

Jan 30 • 2:30 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲတက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ ...

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့်ထူးချွန်ဆုများချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ အတီးအမှုတ်အကများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသည်။တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများက တိုင်းဒေသကြီးဂုဏ်ဆောင် လူရည်ချွန်မောင်မယ်များအား ထူးချွန်ဆုများချီးမြှင့်ပြီး အခြေခံပညာမူလတန်းနှင့်အလယ်တန်းဆင့်၊ ဗဟိုအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည် ပြိုင်ပွဲနှင့် National ICT Awards ပြိုင်ပွဲများမှ ဆုရရှိသောကျောင်းသားကျောင်းသူများ၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများမှ ဆုရကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။ယင်းနောက် ကျောင်းသား/ကျောင်းသူများက တပင်တိုင်အက၊ တိုင်းရင်းသားရိုးရာအက၊ တေးသီချင်းများ၊ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ဖျော်ဖြေရေးအဖွဲ့များအား ဆုချီးမြှင့်သည်။ဆက်လက်၍ကျောင်းသား/ကျောင်းသူများက ပညာပန်းခင်းသီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

news-view-count-icon

14