menu-icon
logo-icon

Global Reporter

home-icon

ပင်မ

breaking_news-icon

သတင်းထူးများ

hot-icon

လူကြိုက်များ

language-icon

language-icon
language-icon
‌
‌
‌
‌
‌
‌

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon

Follow လုပ်ရန်

Application ဒေါင်းလုပ် လုပ်ရန်

playstore-iconappstore-icondownload-app-icon
Copyright 2026 Global Report. All rights reserved
navbar-bgnavbar-bg-dark
back

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

Jan 30 • 2:32 AM

breaking-news

မြန်မာ

ရန်ကုန်

မျှဝေမည်

share-news
cover

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစ...

cover-photo

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။အခမ်းအနားအတွင်း ‌ကျောင်းသား၊ ကျောင်းသူများ၏ စာစီစာကုံး၊ ကျပန်း၊ စာဖတ်စွမ်းရည်၊ စိတ်ကြိုက်ပန်းချီ၊ ဉာဏ်စမ်းပဟေဠိ၊ ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ အင်္ဂလိပ်စာစွမ်းရည်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး စာပေစကားဝိုင်းဆွေးနွေးပွဲကို ကြည့်ရှုအားပေး၍ ဦးဆောင်ဆွေးနွေးသူများနှင့် ပါဝင်ဆွေးနွေးသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။ယင်းနောက် စာရေးဆရာ မောင်ချိုဝေက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောပြီး ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

news-view-count-icon

14

like-icon

0

comment-icon

0

share-news-icon

0

left-arrow-icon
cover-photo

ထားဝယ်မြို့နယ်နှင့်ရေဖြူမြို့နယ်အတွင်း တရားမဝင် ခဲမဖြူ၊ အဖြိုက်နက်များ ဖမ်းဆီးရမိရန် သတင်းပေးသူ၊ ဖမ်းဆီးသူများအား ဆုချီးမြှင့်

ထိုင်းနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်သည့် မြန်မာလုပ်သား ၁၀၀ ကျော်အား ပစ်ကပ်ကားသုံးစီးနှင့်အတူ ဖမ်းဆီးရမိ

cover-photo
right-arrow-icon