back

ဗီယက်နမ်ရောက် မြန်မာကျောင်းသားတစ်ဦးက ငွေလဲပေးမည်ဟုဆိုကာ မြန်မာကျောင်းသားများထံမှ ငွေကျပ် သိန်း ၁၅၀၀ ကျော် လိမ်လည်ထွက်ပြေး

Jan 30 • 2:13 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်ရောက် မြန်မာကျောင်းသားတစ်ဦးက ငွေလဲပေးမည်ဟုဆိုကာ မြန်မာကျောင်းသားများထံမှ ငွေကျပ် သိန်း ၁၅၀၀ ကျော် လိမ်လည်ထွက်ပြေး

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Vanlang Saigon College တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦးက ငွေလဲလှယ်လုပ်ငန်း အကြောင်းပြကာ အခြားမြန်မာကျောင်းသားများထံမ...

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့ရှိ Vanlang Saigon College တွင် တက်ရောက်နေသော မြန်မာကျောင်းသားတစ်ဦးက ငွေလဲလှယ်လုပ်ငန်း အကြောင်းပြကာ အခြားမြန်မာကျောင်းသားများထံမှ မြန်မာကျပ်ငွေ သိန်း ၁၅၀၀ ဝန်းကျင် လိမ်လည်သွားကြောင်း ကိုယ်တိုင် ငွေကြေးလိမ်လည်ခံရသူများက ပြောကြားသည်။ငွေကြေးလိမ်လည်သူမှာ ဝင်းမင်းသန့် ဆိုသူ ဖြစ်ပြီး ငွေလဲလုပ်ငန်း လုပ်ကိုင်နေသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး လတ်တလောတွင် ကျောင်းသားများ၏ ယုံကြည်မှုကို အသုံးချကာ ကျောင်းလခပေးသွင်းရန်နှင့် နေထိုင်စားသောက်စရိတ်များအတွက် လိမ်လည် ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။လက်ရှိတွင် ငွေကြေးအလိမ်ခံရသည့် နစ်နာသူ ကျောင်းသားကျောင်းသူ ၂၈ ဦးခန့်ရှိကြောင်း သိရှိရပြီး အလိမ်ခံရသူ အရေအတွက် ပိုမိုများပြားနိုင်ကြောင်း ငွေကြေးလိမ်လည်ခံရသူများက ပြောဆိုသည်။လိမ်လည်ခံရသူအများစုမှာ Vanlang Saigon College မှ ကျောင်းသားများဖြစ်ပြီး အခြားမေဂျာနှင့် အခြားကျောင်းများမှ ကျောင်းသားအချို့လည်း ပါဝင်ကြောင်း ၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျောင်းသားများသည် လိမ်လည်ခံရကြောင်း စတင်သတိထားမိကြခြင်း ဖြစ်ပြီးဝင်းမင်းသန့်သည် လက်ရှိတွင် ငွေလိမ်သူ ဝင်းမင်းသန့်မှာ အခြားနိုင်ငံတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

news-view-count-icon

49