back

ပြည်တွင်းရွှေဈေး သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာ

Jan 30 • 2:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရွှေဈေး သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာ

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို စံချိန်တင် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှ...

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို စံချိန်တင် မြင့်တက်လာမှုနဲ့အတူ ပြည်တွင်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သား သိန်း ၁၂၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဇန်နဝါရီ ပထမအပတ်အတွင်း တစ်ကျပ်သား သိန်း ၉၀ ကျော်မှာသာ ရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဇန်နဝါရီ နောက်ဆုံးအပတ်မှာ သိန်း ၁၂၀ ဝန်းကျင်အထိ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာပါ။ကမ္ဘာရွှေဈေးနှုန်းကလည်း ရွှေတစ်အောင်စကို ဒေါ်လာ ၄,၃၀၀ ဝန်းကျင်ကနေ ဒေါ်လာ ၅,၆၀၀ ကျော်အထိ ကမ္ဘာအပေါ်မှာ ပထမဆုံးအကြိမ်အဖြစ် စံချိန်တင် ဈေးနှုန်းမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ရွှေလုပ်ငန်းရှင်တစ်ဦးကတော့ ပြည်တွင်ရွှေဈေးနှုန်းဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေတွေကြောင့် အဆမတန် စံချိန်တင် မြင့်တက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။ပြည်တွင်း ရွှေဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်း မတည်ငြိမ်မှုနဲ့အတူ ဆက်တိုက် စံချိန်တင် မြင့်တက်နေတာကြောင့် ရွှေဝယ်ယူသူတွေအပြင် ရွှေဆိုင်တွေကပါ အရောင်း အဝယ်တွေ ရပ်နားထားကြတယ်လို့ သိရပါတယ်။

news-view-count-icon

160