back

အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များဆက်လက်တည်ရှိ

Jan 29 • 4:49 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များဆက်လက်တည်ရှိ

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အ ရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များဆက်လက်တည်ရှိကြောင်း ထုတ်ပြန်ချက်(၃)စောင်ကို ယနေ့ ဇန်နဝါရီ ၂၉ ရက်က ထုတ်...

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ အ ရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးအမိန့်များဆက်လက်တည်ရှိကြောင်း ထုတ်ပြန်ချက်(၃)စောင်ကို ယနေ့ ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ခဲ့သည်။ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ဥပဒေကဲ့သို့အာ ဏာတည်သောအမိန့်အမှတ် ၁/၂၀၂၅ ဖြင့်ထုတ်ပြန်ခဲ့သော တိုင်းနှင့် ပြည်နယ်များမှ မြို့နယ်များကိုကြေညာခဲ့သည့် အရေးပေါ်အခြေအနေအား ယနေ့ ဇန်နဝါရီ ၂၉ ရက်မှစ၍ နောက်ထပ်ရက်ပေါင်း(၉၀)အထိ အတည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ထို့ပြင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၂ /၂၀၂၆ ဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီမှ ဥပဒေကဲ့သို့အာဏာတည်သောအမိန့် ၁/၂၀၂၆ ဖြင့်အရေးပေါ်အခြေအနေဆက်လက်တည်ရှိကြောင်းကြေညာထားသည့် တိုင်းနှင့် ပြည်နယ်များမှ မြို့နယ်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ(ခ)အရ စစ်အုပ်ချုပ်ရေးအမိန့်ကိုဆက်လက်ထုတ်ပြန်ခဲ့သည်။ထို့အတူ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်အားဆက်လက်အပ်နှင်းခဲ့၍ ယင်းလုပ်ပိုင်ခွင့်နှင့် တာဝန်များကို မိမိကိုယ်တိုင်ကျင့်သုံးဆောင်ရွက်ခြင်း(သို့)သင့်လျော်သည့် စစ်ဘက်အာဏာ ပိုင်တစ်ဦးဦးကို ကျင့်သုံးဆောင်ရွက်စေခြင်းပြုနိုင် သည်ဟု ထုတ်ပြန်ခဲ့သည်။ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် စစ်အုပ်ချုပ်ရေးအမိန့်အမှတ် ၁ /၂၀၂၆ ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်ကထုတ်ပြန်ခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ /၂၀၂၅ နှင့် စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂၀၂၅ တို့မှာ ဆက်လက်အတည်ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။


news-view-count-icon

41