၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားမှာ မြန်မာ့အကယ်ဒမီ ဖက်ရှင်ဆုကို ချီးမြှင့်သွားမယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက သိရပါတယ်။ အဲဒီဆုထဲမှာ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှု အကြီးတန်းဆု၊ အကောင်းဆုံး အမျိုးသမီးဝတ်စား ဆင်ယင်မှု အကြီးတန်းဆု၊ အကောင်းဆုံးဝတ်စားဆင်ယင်မှု အမျိုးသမီးဆုနဲ့ အကောင်းဆုံး ဝတ်စားဆင်ယင်မှု အမျိုးသားဆုဆိုပြီး ရွေးချယ်ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ဆုရွေးချယ်မှုကိုတော့ နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဆွေဇင်ထိုက်၊ ဂျွန်လွင်၊ ဒီဇိုင်နာ ပြည်စိုးအောင်၊ မိတ်ကပ် ခင်စန်းဝင်းနဲ့ ဓာတ်ပုံ ကိုနိုင်တို့က အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဆုတွေ ရွေးချယ်ပေးနိုင်ဖို့အတွက် လာမဲ့ ဖေဖော်ဝါရီ ၇ ရက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို တက်ရောက် လာတဲ့ အနုပညာရှင်တွေအနေနဲ့ ညနေ (၃)နာရီခွဲကနေ ညနေ (၅)နာရီ (၄၅)မိနစ်အတွင်း တက်ရောက်ပေးကြဖို့ လိုအပ်သလို အချိန်မီ ရောက်ရှိလာတဲ့ အနုပညာရှင်တွေကိုပဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ဖက်ရှင်ဆု အတွက် တင်ထားတဲ့ အနုပညာရှင်တွေရဲ့ ပုံတွေမှာ Like နဲ့ Love React ပေးသူတွေကိုသာ ရေတွက်သွားမှာဖြစ် ပြီး Angry နဲ့ Sad React ပေးသူတွေကို ရေတွက်မှာ မဟုတ်ပါဘူး။ အဲဒီဆုအတွက် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပနေချိန်အတွင်း အကဲဖြတ် ဒိုင်လူကြီးတွေက အမှတ်တွေ အားလုံးပေါင်းပြီး ည(၇) နာရီတိတိအချိန်မှာ ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်။



