back

မြန်မာပြည်အထက်ပိုင်းသို့သွားမည့် ကုန်းကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်တွင်ပိတ်မိနေ ဟုဆို

Jan 29 • 2:20 PM

breaking-news

မြန်မာ

ကချင်

cover

မြန်မာပြည်အထက်ပိုင်းသို့သွားမည့် ကုန်းကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်တွင်ပိတ်မိနေ ဟုဆို

ဇန်နဝါရီ ၂၉ ရက်၊ နေ့လည်ပိုင်းက မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်စ သည့် နေရာများကိုသွားမည့် ကုန်ကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်ကျေးရွာတွင် ပိ...

ဇန်နဝါရီ ၂၉ ရက်၊ နေ့လည်ပိုင်းက မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဟိုပင်စ သည့် နေရာများကိုသွားမည့် ကုန်ကားများနှင့် အိမ်စီးကားများ ယောက်သွားအိုင်ကျေးရွာတွင် ပိတ်မိနေခြင်းကြောင့် ကားသမားများနှင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ဇန်နဝါရီ ၂၈ ရက်နေ့က ရွှေဘိုမြို့နယ်၊ ကိုးပင်ဂိတ်မှ ကုန်ကားများနှင့် အိမ်စီးကားများ လွှတ်ပေးပြီးနောက်၊ ယနေ့ နေ့လည်ပိုင်းက ယောက်သွားအိုင်ကျေး ရွာတွင် ထပ်မံပိတ်မိနေကြောင်း သိရသည်။ ယနေ့ နေလည်ပိုင်းတွင် ကားသမားများအနေဖြင့် ယောက်သွားအိုင်ကျေးရွာမှ တာဝန်ရှိသူများကို ဗျူဟာလမ်းအတိုင်း သွားလာနိုင်ရေးအတွက် ညှိနှိုင်းမှုများလုပ်ဆောင်နေသော်လည်း ယခုညနေအချိန်ထိ ကားလမ်းကြောင်းများ ဖွင့်လှစ်ပေးခြင်မရှိသေးကြောင်း နယ်မြေခံသတင်းများမှ သိရသည်။ 





news-view-count-icon

30