ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ New Suangpi ကျေးရွာတွင် စစ်ဘေးရှောင်နေရာမှ နေအိမ်အခြေအနေ ပြန်လည်ကြည့်ရှုရန်လာသည့် အမျိုးသားတစ်ဦး ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်နေ့က မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။New Suangpi ကျေးရွာ ပြည်သူများသည် ကလေးမြို့မှတစ်ဆင့် သိုင်းငင်းလမ်းအတိုင်း ဖလမ်းမြို့သို့ စစ်ကြောင်းထိုး အင်အားဖြည့်တင်းလာသည့် စစ်ကော်မရှင်၏ စစ်ကြောင်းကြောင့် ဇန်နဝါရီ ၂၀ ရက်ကတည်းက ရွာလုံးကျွတ် တိမ်းရှောင်ခဲ့ကြရသည်။



