ကျားဖြန့်လုပ်ငန်းတွေမှာ ပါဝင်ခဲ့တဲ့ ကိုးကန့် မြီမိသားစုဝင် (၁၁)ဦးကို ဇန်နဝါရီ လ (၂၈)ရက် နံနက် (၈)နာရီက သေနတ်နဲ့ ပစ်ခတ်ကာ သေဒဏ်စီရင်လိုက်တယ်လို့ သိရပါတယ်။ကွပ်မျက်ခံရတဲ့ မြီမိသားစုဝင် (၁၁)ဦးသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံ အရှေ့ပိုင်း ဝမ်ကျိုးမြို့ တရားရုံးတစ်ခုတွင် သေဒဏ်ချမှတ်ခံထားရသူများဖြစ်ပြီး အဆိုပါတရားရုံးက သေဒဏ်စီရင်ကွပ်မျက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြတဲ့ ကိုးကန့် မြီမိသားစုဝင်တွေဟာ ၂၀၂၅ ခုနှစ် ကတည်းက အွန်လိုင်း ငွေလိမ်လုပ်ငန်း တရားမဝင် လောင်းကစားဝိုင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပြည့်တန် ဆာလုပ်ငန်းတွေ အပါအဝင် ရာဇ ဝတ်မှုတွေကို ကျူးလွန်ခဲ့ကြပါတယ်။



