လာမည့် ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၂ ရက်အထိ အန်ကောဝပ်ကျောင်းတော်ရှေ့ရှိ ဆီယမ်ရိပ်အပြည်ပြည်ဆိုင်ရာ အဟောင်းလေယာဉ်ကွင်းတွင် ခလင့်အက် ပျံသန်းပြိုင်ပွဲ ကျင်းပမည်။
ဒုတိယအကြိမ်မြောက် ဤပွဲတော်အား ခမာတို့၏ရှေးဟောင်းအမွေအနှစ်နှင့် ကျောင်းတော်များရှိ ပန်းချီထွင်းထုမှုများတွင်ပါရှိသော ခလင့်အက်လေပြေးသမိုင်းကို ထိန်းသိမ်းရန်အတွက် စီစဉ်ခြင်းဖြစ်သည်။ ပွဲတော်တွင် ပြိုင်ပွဲများအပြင် ဒေသထုတ်ကုန်ပြပွဲ၊ ယဉ်ကျေးမှုအစီအစဉ်များနှင့် ဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်ကာ ခမာတို့၏ ဓလေ့ထုံးတမ်းနှင့် လေပြေးကစားခြင်း အနုပညာကို မြှင့်တင်ရန် ရည်ရွယ်သည်။



