back

အမေရိကန်၏ ချင်းမိုင်ကောင်စစ်ဝန်ရုံးသစ်အား စပိုင်စခန်းဟု စွပ်စွဲမှုကို ငြင်းဆို

Jan 29 • 1:15 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

အမေရိကန်၏ ချင်းမိုင်ကောင်စစ်ဝန်ရုံးသစ်အား စပိုင်စခန်းဟု စွပ်စွဲမှုကို ငြင်းဆို

အမေရိကန်ကောင်စစ်ဝန်ရုံး၏ ချင်းမိုင်ရှိ ဒေါ်လာ ၂၇၃ သန်းတန် အဆောက်အအုံသစ်ကြီးသည် လျှို့ဝှက်စပိုင်စခန်း ဖြစ်သည်ဟူသော စွပ်စွဲချက်ကို အမေရိကန်က ပြင်းပြင်းထန်ထန် ငြင်...

အမေရိကန်ကောင်စစ်ဝန်ရုံး၏ ချင်းမိုင်ရှိ ဒေါ်လာ ၂၇၃ သန်းတန် အဆောက်အအုံသစ်ကြီးသည် လျှို့ဝှက်စပိုင်စခန်း ဖြစ်သည်ဟူသော စွပ်စွဲချက်ကို အမေရိကန်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်သည်။


ကောင်စစ်ဝန်ချုပ် ခီလီယာကမ်းမင်းက အဆိုပါအဆောက်အအုံသည် ထိုင်းယဉ်ကျေးမှုအမွေအနှစ်နှင့် ခေတ်မီနည်းပညာများ ပေါင်းစပ်ထားသည့် နှစ်နိုင်ငံချစ်ကြည်ရေး သင်္ကေတတစ်ခုသာ ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံတွင် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များ မရှိသလို စပိုင်လုပ်ငန်းလည်း မပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ရုံးသစ်ကို ထိုင်းမြောက်ပိုင်းရှိ အမေရိကန်နိုင်ငံသား ၂၁၀၀၀ နှင့် ဒေသခံများအား ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးရန် ရည်ရွယ်တည်ဆောက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဖြေကြားခဲ့သည်။




news-view-count-icon

9